မြန်မာ့သတင်းများ

သင်္ကြန် ဗုံးပေါက်ကွဲဒဏ် ခံရသူများအား သွေးလှူဒါန်း လိုသူ များပြားခဲ့ သွေးသိုလှောင်နိုင်မှု အခက်အခဲကြောင့် သွေးအိတ် ၁၀၀၀ သာ လက်ခံခဲ့ရ
April 28, Wednesday,2010 6:30 PM

ဟာသင်္ကြန်အကြတ်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော လူနာများအတွက် သွေးလှူဒါန်းလိုသူများ များပြား ခဲ့သော်လည်း သွေးအိတ်ပေါင်း ၁၀၀၀ သာ လက်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သွေးလှူဒါန်းရန် ဖုန်း Message များ ၀င်ရောက်လာရာတွင် မြန်မာလူမျိုးတို့၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့် လာရောက် လှူဒါန်းသူများ အလွန် များပြား လာကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အမျိုးသားသွေးဌာနမှ သိရသည်။ သွေးလှူဒါန်းလိုသူများ များပြားခဲ့သော်လည်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် သွေးအိတ်ပေါင်း ၁၀၀၀ သာ သိုလှောင်နိုင်သောကြောင့် သွေးလှူဒါန်း လိုသူများကို ထပ်မံ လက်မခံ တော့ကြောင်း သိရသည်။ “ဒီမှာ သွေးအိတ်ပေါင်း ၁၀၀၀ ပဲသိုလှောင်နိုင်တယ်။ ၁၀၀၀ ကျော် သိုလှောင် လိုက်ရင် သတ်မှတ်ထားတဲ့ အအေးနှုန်း မရတော့ဘူး။ အဲဒီလိုသွေးကို လူနာတွေကို သွင်းလိုက်ရင် အဖျားတက်တယ်။ လူနာအတွက် အန္တရာယ်ရှိတယ်။ သွေးအိတ်ကလည်း ၃၅ရက်ပဲ ထားလို့ရတယ်။ လာလှူတဲ့သူတွေရဲ့ သွေးကို မလိုအပ်ဘဲ ယူထားပြီး မသုံးဖြစ်ရင် အဲဒီသွေးတွေကို စွန့်ပစ်ရမှာ။ အဲဒါကြောင့် လက်မခံတာပါ” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာ ဒေါ်သီတာအောင်က ပြောကြားခဲ့သည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ ဧပြီ ၁၅ ရက်မှ ၁၈ရက်ထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော လူနာများမှ သွေးလိုအပ်သော လူနာ ၃၄ ဦးအား သွေးအိတ်ပေါင်း ၆၂ အိတ်အား အခမဲ့ ကူညီမှုပေးခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါ သည်။ "
@ခေတ်လူငယ်
================================================================================
သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်များ ဌာနအလိုက် ရေးဆွဲ
April 28, Wednesday,2010 6:30 PM

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်အရ သဘာဝ ဘေးအန္တရာယ်များလည်း ပိုမိုဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရေးအတွက် ဝန်ကြီးဌာနများအလိုက် စီမံချက်များ ရေးဆွဲလျက်ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး စီမံကိန်းဦးစီဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ကတော့ ရေကြီးတာတို့၊ မိုးခေါင်တာတို့စတဲ့ သဘာဝဘေးတွေအတွက် စီမံချက် ရေးဆွဲနေပါတယ်။ စီမံချက်မှာ မိုးခေါင်ရင် ဘယ်လိုလုပ်မယ်၊ ရေကြီးရင် ဘယ်လို ဆောင်ရွက်မယ်၊ ပြင်ဆင်မယ်စတဲ့ လုပ်ငန်းတွေအတွက် ပေါ့။ ဒီစီမံချက်ကို ရှေ့လထဲမှာ အပြီးသတ် နိုင်ပါလိမ့်မယ်” ဟု ၎င်း တာဝန် ရှိသူက ပြောကြားခဲ့သည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သော သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်ကို တခြားသော ဝန်ကြီးဌာနများဖြစ်သည့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန စသည်ဖြင့် ဝန်ကြီးဌာန အများအပြား ပါဝင်ရေးဆွဲလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြပေးထားပါသည်။
@ခေတ်လူငယ်

====================================================================================

နေပြည်တော် ပြည်သူ့ဆေးရုံကြီး( ခုတင်-၁၀၀၀)၌ မျက်စိ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးမည်
April 28, Wednesday,2010 6:30 PM

ကျန်းမာရေးဝန်ကြီးဌာန မျက်စိ အထူးကု ဆရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံမှ Professor Dr.Yoshifumi Fujita ဦးဆောင်သည့် ဂျပန် မျက်စိအထူး ကု ဆရာဝန်များပူးပေါင်း၍ မျက်စိ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသခြင်းအစိအစဉ်ကို မေ ၃ ရက်နှင့် ၄ ရက်တို့တွင် နေပြည်တော် ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ဆောင်ရွက်မည် ဖြစ်သဖြင့် ပြသကုသလိုသူ မျက်စိဝေဒနာရှင်များသည် ဧပြီ ၂၆ ရက်မှ ဧပြီ ၃၀ ရက်အတွင်း နေ ပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မျက်စိ အထူးကုဌာန၌ စာရင်းပေးသွင်းနိုင်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်
====================================================================================
နိုင်ငံရေးပါတီ တည်ထောင် လိုသူများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဆက်လက် လျှောက်ထားလျက်ရှိ
April 28, Wednesday,2010 6:30 PM

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့ တည်ထောင်လိုသော ပါတီ၏ အမည်ကိုဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဆက်လက် လျှောက်ထားလျက်ရှိကြရာ ၂၀၁၀ ခုနှစ် ဧပြီ ၂၆ ရက်တွင် အောက်ဖော်ပြပါ အဖွဲ့များက လာရောက် လျှောက်ထားခဲ့ကြကြောင်း သိ ရှိရသည်။ "( က) ကယန်း အမျိုးသားပါတီ"(ခ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ "( National Democratic Party for Development ) ဧပြီ ၂၆ ရက်နေ့ထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ (၂၁) ဖွဲ့ ရှိပြီ ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့များအနက်(၅) ဖွဲ့ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုပြီး ဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့် အဖွဲ့များကိုလည်း စိစစ် ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်
====================================================================================
မန်မာနိုင်ငံတွင် သဘာဝရေအရင်းမြစ် ဆုံးရှုံးမှုများပြားနေပြီး သောက်ရေသုံးရေအခက်အခဲကို ပိုမိုရင်ဆိုင်လာရဖွယ်ရှိ


မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် သောက်သုံးရေရရှိရေးအတွက် ရေခပ်သွားသူအချို့

ရင်းမြစ်ဖြစ်သော ရေအရင်းမြစ်များအား အလွန်အကျွံသုံးစွဲမှုများကြောင့် တဖြည်းဖြည်းလျော့နည်းလာလျက်ရှိပြီး တစ်ချိန်ချိန်တွင် စိုက်ပျိုးရေးကဏ္ဍအတွက် လုံလောက်သောရေရရှိမှုနှင့် သောက်ရေသုံးရေ ရရှိမှုတွင် အခက်အခဲဖြစ်လာနိုင်ဖွယ်ရှိကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
''မြန်မာနိုင်ငံမှာ ခြောက်သွေ့ဒေသတွေကလွဲလို့ ကျန်တဲ့နေရာတွေမှာ ရေအခက်အခဲ ဆိုတာအရင်က မရှိခဲ့ပါဘူး။ ရာသီဥတု ကလည်း သမမျတတဲ့အတွက် ရာသီအလိုက် စိုက်ဖို့ပျိုးဖို့ အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ လူတွေရဲ့မဆင်မခြင်သုံးစွဲ မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ရာသီဥတုဖောက်ပြန်မှု တွေကြောင့် ရေအရင်းအမြစ်တွေ ဆုံးရှုံးလာတာတွေ့ရပါတယ်''ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူ တစ်ဦးက ထောက်ပြပါသည်။
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများ ဖြစ်သော ဧရာဝတီမြစ်နှင့်ချင်းတွင်း မြစ်တို့တွင် ပြီးခဲ့သည့်နှစ်က မြစ်ရေ နည်းပါးမှုကို ရင်ဆိုင်ခဲ့ရပြီးရေကြောင်း ခရီးသွားလာမှုတွင် ခက်ခဲကျပ်တည်းမှု များနှင့်စိုက်ပျိုးရေးလုပ်ငန်းတွင် သက်ရောက်မှုအချို့ ကြုံတွေ့ခဲ့ရသည်ဟု သိရှိရသည်။
ထိုသို့ မြစ်ရေနည်းပါးလာမှု သည် ၂၀၀၉ ခုနှစ်အတွင်းအယ်လ်နီ ညိုရာသီဥတု ဖြစ်စဉ်ဖြစ်ပေါ်ခဲ့မှုကြောင့် မိုးခေါင်ခဲ့ခြင်း၊ မြစ်အနေအထား ယိုယွင်းလာခြင်းများကြောင့် ဖြစ်ကြောင်း လည်း သိရှိရသည်။
''မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီး တွေမှာ ရေနည်းပါးလာခြင်းကလည်း ရေအရင်းအမြစ်တွေကို လျော့နည်း သွားစေပါတယ်။ မြန်မာတွေဟာ ရှေးယခင်ကတည်းက ဒီမြစ်ကြီးတွေကို အမှီပြုခဲ့ကြတာပါ။ ရှေးမြန်မာမြို့ဟောင်းတွေ အားလုံးဟာမြစ်ကြီးတွေရဲ့ ဘေးမှာတည်ဆောက်ခဲ့တာကို တွေ့ရပါတယ်။ စိုက်ပျိုးရေနဲ့ သောက်သုံးရေ အတွက် ဒီမြစ်ကြီးတွေအပေါ်မှာ မှီခိုခဲ့ ကြပါတယ်။ အခုတော့ ဒီမြစ်ကြီးတွေ ဟာ နှောင်းလူတွေရဲ့ပယောဂကြောင့် ပျက်စီးယိုယွင်းလာနေပါပြီ။ သဘာဝ ပတ်ဝန်းကျင်ဆိုတာ ကိုယ်တစ်ယောက်တည်း သုံးစွဲဖို့အတွက် မဟုတ်ပါဘူး။ နောင်လာမယ့်မျိုးဆက်တွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်'' ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လေ့လာနေသူတစ်ဦးက ပြောပါသည်။
ယခုနှစ်တွင် မြစ်များ၏ ရေဝေ ရေလဲဒေသဖြစ်သော မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၌ မိုးရွာသွန်းမှု ရှိနေသောကြောင့် မြစ်များတွင် ရေနည်းပါးမှုကို ဆိုးရွားစွာရင်ဆိုင်ရခြင်း မရှိနိုင်သော်လည်း မိုးခေါင်မှုကို ကြုံတွေ့ရနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်ဟု သိရှိရသည်။
''မိုးနည်းမယ်ဆိုရင်တော့ စိုက် ပျိုးရေးလုပ်ငန်းတွေမှာ ရေလိုအပ်မှုတွေ ရှိလာနိုင်တယ်။ မြစ်တွေကို အမှီ ပြုနေတဲ့ဒေသတွေ ရှိသလိုမိုးရေကိုအမှီ ပြုနေရတဲ့ ဒေသတွေလည်းရှိတာကြောင့် မိုးနည်းမယ်ဆိုရင် ရေအခက် အခဲကိုကြုံရနိုင်ပါတယ်''ဟု ဒေါက်တာ ထွန်းလွင်ကသုံးသပ်သည်။

သောက်ရေသုံးရေကဏ္ဍတွင် မြစ်ကမ်းနံဘေးနေထိုင်သူများက မြစ်ရေ ကို အားထားနေကြရပြီး မြစ်နှင့်ဝေး ကွာသည့်နေရတွင် နေထိုင်ကြသူများက မြေအောက်ရေကို အားထားနေကြရသည်။ သို့သော် မြစ်များ၌ ရေနည်းပါးလာသည့်နောက်တွင် မြေအောက်ရေသည်လည်း နည်းပါးလာပြီး ရေအခက်အခဲကို ရင်ဆိုင်လာရသည်ဟု သိရသည်။
''ရေလို့ဆိုလိုက်ရင် အဓိကအရေး ကြီးတာကတော့ သောက်ရေ သုံးရေ ပါပဲ။ စိုက်ပျိုးရေကတော့ မြစ်၊ ချောင်း ကရေကို အသုံးပြုရင်ရသေးတယ်။ သောက်ရေသုံးရေသန့်စင်တာကို ရဖို့ကပိုပြီးအရေးကြီးတယ်။ သောက်သုံးရေမှာ သံဓာတ်၊ ထုံးဓာတ်ပါတာမဖြစ်ရဘူး။ သန့်စင်ရမယ်။ သောက်သုံး ရေက ကျန်းမာရေးနဲ့တိုက်ရိုက်ဆက်နွှယ် နေတာဖြစ်တော့ ပိုအရေးကြီးပါတယ်'' ဟု မြန်မာနိုင်ငံငှက်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က သုံးသပ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်း ရပ်ဝန်းအချို့ဒေသများတွင် သောက်သုံးရေသည် မြေအောက်ရေနှင့် မိုးရရှိမှုပေါ်တွင် မူတည်နေပြီး သောက်သုံးရေ ကို မိုးရေမှတစ်ဆင့် ရေကန်များဖြင့် သိုလှောင်ကာ ဆောင်းနှင့်နွေကာလ များတွင် အသုံးပြုရသည်ဟု ဒေသခံ များ၏အဆိုအရ သိရှိရသည်။ အချို့ သော ဒေသများတွင် မြေအောက်ရေ တူးဖော်ပါက သံဓာတ်များပြားသည့် အတွက် သောက်သုံး၍ မဖြစ်နိုင်ဘဲ မိုးရေကိုသာ အားထားနေရကြောင်း လည်း သိရှိရပါသည်။
''မြန်မာနိုင်ငံအလယ်ပိုင်း မြစ်ကမ်းနံဘေးက တချို့ရွာတွေဟာ ရွာနဲ့ မြစ်နဲ့ကြားမှာ သောင်တွေခြားပြီး နေရတာ တစ်နှစ်မှာ ခြောက်လလောက်ရှိ ပါတယ်''ဟု မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ၌ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အငြိမ်းစားဆရာဝန်ကြီး တစ်ဦးကပြောပြသည်။
ထို့အပြင် အချို့သောကျေးရွာများတွင် ရေနည်းပါးချိန်များ၌ မြစ် နှင့်ကမ်းအကြားတွင် ရေသေအိုင်များ ပေါ်ထွန်းတတ်ကာ ရေသေအိုင်များမှ ရေကိုပင်သုံးစွဲကြရသည့်အတွက် ကျန်းမာရေးနှင့်ပတ်သက်၍ ချို့ယွင်းမှု အချို့လည်းရှိကြောင်း သိရှိရသည်။
''တချို့ရွာတွေမှာတော့ ရေကို ရေစုပ်စက်တွေနဲ့တင်ပြီး ရောင်းကြ တာရှိတယ်။ ရောင်းတဲ့သူကရောင်းပြီး သုံးတဲ့သူက၀ယ်သုံးကြတာပေါ့။ တချို့ ရွာတွေမှာတော့ အခုအချိန်အထိ ရေ အိုးလေးတွေနဲ့ ရေရှိရာကိုသွားပြီး သယ်ကြရတုန်းပါ''ဟု ၄င်းက ဆက်လက်ပြောပြသည်။
မြစ်ကို မှီခိုနေကြသည့် မြစ်ကမ်း နံဘေးနေသူများအဖို့ မြစ်ရေကို အသုံး ပြု၍ ရနေသေးသော်လည်း မြစ်နှင့် ဝေးကွာသည့်အပိုင်းများတွင် နေထိုင်သူ များအတွက်မူ ရေအခက်အခဲရှိနေဆဲပင် ဖြစ်ကြောင်း၊ အချို့သောဒေသများတွင် မြစ်ရေတင်ကာ ပေးဝေမှုရှိသော်လည်း
ရေအရင်းအမြစ် ရှားပါးလာမှုသည် သောက်သုံးရေအခက်အခဲ၊ စိုက်ပျိုးရေရှားပါးသည့်အတွက် လူမှုဘ၀အပေါ် သက်ရောက်လာနိုင်မှု စသည်တို့ကို ကြုံတွေ့လာမှ ဖြေရှင်းခြင်းထက် ကြိုတင်ပြင်ဆင်မှုများ လိုအပ်မည်ဖြစ်ကြောင်း . .
လုံလောက်မှုနှင့်တွင်ကျယ်မှုမှာ မူ လိုအပ်မှုရှိနေကြောင်း သိရှိရသည်။
''တချို့ဒေသတွေမှာဆိုရင် အ၀ီစိ တူးတာတောင် မရတာတွေရှိတယ်။ စက်ကြီးတွေနဲ့တူးလည်း မရဘူး။ မြစ်ရေတင်လုပ်ငန်းတွေ ကောင်းမှကို ဖြစ်မယ့်နေရာတွေရှိတယ်''ဟု အငြိမ်းစား ဆရာဝန်ကြီးက ပြောပါသည်။
''ရေတွင်းတူးတိုင်းလည်း မရဘူး။ တုံကင်လည်း မရဘူး။ ရေအခက်အခဲ ကို ရင်ဆိုင်နေရတဲ့ ဒေသတွေ ရှိနေတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဆိုရင် နာဂစ်ဖြစ်မှသာ သူတို့တွေရေကို ခက်ခက်ခဲခဲ သုံးနေရတာသိကြရတာ။ သူတို့ဘာသာတော့ နှစ်ပေါင်းများစွာ ဖြေရှင်းလာကြတာပဲ။ မိုးရေကို ကန်လုပ်ပြီးသောက်နေရတဲ့ သူတို့လိုဒေသ တွေမှာတော့ မိုးစောမှပဲ ပြဿနာကျော်နိုင်မှာပဲ''ဟု ဦးစိုးညွန့်က ဆိုပါသည်။
မြစ်များတွင် သဘာဝအရင်း အမြစ်ဖြစ်သော ရေများနည်းပါးလာရ ခြင်းသည် မြစ်အထက်ပိုင်းဒေသများ၌ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်စွမ်းနည်းပါးမှု၊ မြစ်အနေအထားကို ယိုယွင်းစေမှုများ ကြောင့် ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် တစ်ရပ်ဖြစ်သော မိုးရရှိမှု လျော့နည်း လာခြင်းကြောင့်လည်း ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး များဖြစ်သော ဧရာဝတီ၊ ချင်းတွင်း စသောမြစ်ကြီးများသည် ယခုနှစ်နွေ ရာသီတွင် အနိမ့်ဆုံးရေအမှတ်များသို့ ကျဆင်းခဲ့ခြင်းကြောင့် လမ်းပန်းဆက် သွယ်ရေးသာမက မြစ်ဘေးပတ်ဝန်းကျင်ရှိ မြို့ရွာများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိမှုကို အခက်အခဲ ကြုံတွေ့စေခဲ့သည်။
''မြန်မာနိုင်ငံမှာ ရေအရင်းမြစ် ပေါကြွယ်ဝတဲ့အတွက် တခြားတိုင်း ပြည်တွေလို ပင်လယ်ရေကိုပြန်လည် သန့်စင်ပြီး သုံးစွဲရတာမျိုးတော့ မရှိသေးပါဘူး။ မြေပေါ်ရေနဲ့ မြေအောက်ရေ ဆိုပြီးတော့ နည်းလမ်းနှစ်မျိုးနဲ့ ရေကို ရယူသုံးစွဲတာပဲရှိပါတယ်။ ဒါပေမယ့်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် မြေပေါ်ရေဖြစ်တဲ့ မြစ်ချောင်းအင်းအိုင်တွေမှာ ရေလျော့နည်းလာတဲ့အခါ မြေအောက်ရေကလည်း လိုက်ပါလျော့နည်း လာတဲ့အတွက် ရေအခက်အခဲဖြစ်ပေါ် လာရတာ ဖြစ်ပါတယ်''ဟု ရေအရင်းအမြစ်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
ရေအခက်အခဲသည် သတိထား ဖြေရှင်းရမည့် ပြဿနာတစ်ရပ် ဖြစ်လာပြီး သဘာဝအတိုင်းရှိနေသည့် ရေစီးဆင်းမှုစနစ်မှာ လူများကြောင့် ယိုယွင်းစပြုလာကြောင်း၊ စိုက်ရေးပျိုးရေး အတွက်သာမက တစ်ချိန်ချိန်တွင် သောက်သုံးရေအတွက် အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တို့က သုံးသပ်ကြသည်။
''မိုးနည်းပါးပြီး ရေရှားမယ်ဆို ရင်တော့ လူတွေရဲ့ လူမှုဘ၀တွေ ပြောင်းလဲနိုင်ပါတယ်။ စိုက်ပျိုးရေးတွေ မှာနည်းပြောင်းစိုက်ရနိုင်တယ်။ နှစ်သီး စိုက်နေရာကနေ တစ်သီးလောက်ပဲ စိုက်နိုင်မယ်။ စိုက်ပျိုးရေးကနည်း ပြောင်းလို့ရနိုင်ပေမယ့် သောက်သုံးရေ ကတော့မရှိလို့မဖြစ်ဘူး။ ရေအသက် တစ်မနက်လို့ ဆိုကြတာရှိပါတယ်''ဟု ဦးစိုးညွန့်က ပြောကြားသည်။
''ဒီနှစ် မိုးနည်းရင်တော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ ရေအခက်အခဲကြုံ ရနိုင်တယ်''ဟု ဒေါက်တာထွန်းလွင်က ပြောပါသည်။

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါ ရာသီဥတုဖောက်ပြန်မှုကို ဘက်စုံကြုံတွေ့လာရပြီး ယင်းအနက် ရေအရင်းအမြစ် ရှားပါးလာမှုသည်လည်း ပါဝင်နေသည်ဟု သိရှိရသည်။
ယင်း ရေအရင်းအမြစ် ရှားပါးလာမှုသည် သောက်သုံးရေအခက်အခဲ၊ စိုက်ပျိုးရေရှားပါးသည့်အတွက် လူမှု ဘ၀အပေါ် သက်ရောက်လာနိုင်မှုစသည် တို့ကို ကြုံတွေ့လာမှဖြေရှင်းခြင်းထက် ကြိုတင်ပြင်ဆင်မှုများ လိုအပ်မည်ဖြစ်ကြောင်းလည်း လေ့လာသူများက သုံး သပ်ခဲ့ကြသည်။
''ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုး ရေးနိုင်ငံဖြစ်ပါတယ်။ အဓိကကျတဲ့ မြစ်ကြီးသုံးသွယ်ကို အားထားနေရ တာပါ။ လက်ရှိတွေ့ကြုံနေရတဲ့ အနေ အထားတွေအတိုင်းသာဆိုရင် နောင် အနှစ် ၂၀ လောက်ဆို မလွယ်ပါဘူး။ မြစ်ဝကျွန်းပေါ်အပါအ၀င် ဒေသတွေ မှာ စိုက်ပျိုးမြေတွေ၊ မြေဆီလွှာတွေ ပျက်စီးပျောက်ဆုံးတာ ကြုံရနိုင်ပါ တယ်။ ဒါကြောင့် ရေအားလျပ်စစ် စီမံကိန်းတွေကိုလည်း စဉ်းစားကြစေလိုပါတယ်။ ကျွန်တော်တို့ရဲ့ ဆင်းရဲလှတဲ့ လယ်သမားတွေရဲ့ အနာဂတ်နဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေကို စာနာကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ အိမ်နီး ချင်းနိုင်ငံတွေအနေနဲ့လည်း ကိုယ့်အတွက် လျပ်စစ်ဓာတ်အားရဖို့ကိုသာ မကြည့်ဘဲ ကျွန်တော်တို့ရဲ့ ဘ၀တွေ အပေါ် စာနာနားလည် ပေးနိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်''ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။
@Eleven Media -စိုးထက်ခိုင်၊ ဖြူနု
====================================================================================
ပါရမီတက္ကစီ ယာဉ်များအား ငှားစီး၍ယာဉ်၏ နောက်ဖုံးအတွင်း(သို့မဟုတ်) ကားထိုင်ခုံအောက်တွင် ဗုံးဖောက်ခွဲရန် စီစဉ်နေကြောင်း သတင်းရရှိထားသည်ဟု သတိပေးချက်ထုတ်ပြန်


ပါရမီတက္ကစီယာဉ်မောင်းများ ယာဉ် အတွင်းလုံခြုံရေး အထူးဂရုပြုရှာဖွေစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်လာကြောင်း ပါရမီတက္ကစီယာဉ်မောင်းများထံမှသိရှိရသည်။ ယင်းမှာ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် လက်အောက်ရှိ ပါရမီတက္ကစီယာဉ်ဂိတ် တွင် ပါရမီတက္ကစီယာဉ်များ အားလုံး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ထုတ်ပြန်ထားသော လုံခြုံရေးသတိပေးချက်များတွင် ပြည်သူ့ပျောက်ကျား တပ်ဦးအဖွဲ့မှ ဖောက်ခွဲရေးသမားများသည် ပါရမီတက္ကစီယာဉ်များအား ငှားစီး၍ ယာဉ်၏နောက်ဖုံး အတွင်း(သို့မဟုတ်)ကားထိုင်ခုံအောက်တွင် 'ဗုံး'ဖောက်ခွဲရန် စီစဉ်နေကြောင်း စစ်ဆေးဖော်ထုတ်သတင်း ရရှိထားသဖြင့် လုံခြုံရေးအထူးဂရုပြု၍ ယာဉ်အားရှာဖွေစစ်ဆေးကြရန်နှင့် ခရီးသည်ဆင်းတိုင်း ယာဉ်အတွင်း/အပြင်စစ်ဆေးရန်၊ ခရီးသည် မှတ်တမ်းထားရှိရန် စသည့်အချက် များပါရှိကြောင်း သိရသည်။


အဆိုပါ လုံခြုံရေးသတိပေး ချက်နှင့်ပတ်သက်၍ ပါရမီတက္ကစီယာဉ် မောင်းတစ်ဦးက''အခုလုံခြုံရေးအခြေ အနေအရ ကိုယ့်ကားကို ငှားတဲ့ခရီး သည်တွေမှာ အပိုပစ္စည်းတွေအိတ် တွေ ပါလာတယ် မပါလာဘူး ဆိုတာ အမြဲတမ်းသတိထားပြီး စောင့်ကြည့်ရပါတယ်။ အကယ်၍ အပို ပစ္စည်းတွေ ပါလာရင်လည်း ခရီး သည်ဆင်းသွားတဲ့အခါမှာ သူတို့ပစ္စည်းတွေ စုံမစုံကို စောင့်ကြည့်ရပါတယ်။ အခုအချိန်မှာက ဘယ်သူ့ကိုမှမယုံကြည်ရဘူး။ အဲဒါကြောင့် မို့လို့ ခရီးသည်အားလုံးကို ဂရုစိုက် ပြီးစောင့်ကြည့်နေရတာပါ''ဟုပြောကြားခဲ့သည်။
@eleven Media

====================================================================================
သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးကွဲ Tuesday, April 27, 2010

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ယနေ့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားရာ အနည်းဆုံး ၄ ဦးခန့် ဒဏ်ရာရကြောင်း သိရသည်။

သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံး ၃ လုံးပေါက်ပြီး လူလေးယောက် ဒဏ်ရာရကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူ တဦးက ပြောသည်ဟု အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားသည်။

ယင်း သောက်ရေခပ် ဆည်စီမံကိန်းသည် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သီးခြား တာဝန်ယူလုပ်ကိုင်လျက် ရှိပြီး မဂ္ဂါဝပ် ၁၄၀ ထုတ်လုပ်နိုင်သော စိုက်ပျိုးရေးအတွက် ဆည်ရေပေးဝေနိုင်သည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

သောက်ရေခပ် ဆည်ဆောက်လုပ်ရေးကို အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက်နှင့် မင်းအနော်ရထာ အုပ်စု ကုမ္ပဏီ လီမိတက် တို့က တာဝန်ယူထားပြီး B.O.T (တည်ဆောက်၊ မောင်းနှင်၊ လွှဲပြောင်း စနစ်) ဖြင့် လက်ခံတည်ဆောက်ရန် သဘောတူထား ခြင်း ဖြစ်ကြောင်း Eleven Media Group ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
@ဧရာဝတီ

========================================================

သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်များ ဌာနအလိုက် ရေးဆွဲ
April 28, Wednesday,2010 6:30 PM

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်အရ သဘာဝ ဘေးအန္တရာယ်များလည်း ပိုမိုဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရေးအတွက် ဝန်ကြီးဌာနများအလိုက် စီမံချက်များ ရေးဆွဲလျက်ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး စီမံကိန်းဦးစီဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ကတော့ ရေကြီးတာတို့၊ မိုးခေါင်တာတို့စတဲ့ သဘာဝဘေးတွေအတွက် စီမံချက် ရေးဆွဲနေပါတယ်။ စီမံချက်မှာ မိုးခေါင်ရင် ဘယ်လိုလုပ်မယ်၊ ရေကြီးရင် ဘယ်လို ဆောင်ရွက်မယ်၊ ပြင်ဆင်မယ်စတဲ့ လုပ်ငန်းတွေအတွက် ပေါ့။ ဒီစီမံချက်ကို ရှေ့လထဲမှာ အပြီးသတ် နိုင်ပါလိမ့်မယ်” ဟု ၎င်း တာဝန် ရှိသူက ပြောကြားခဲ့သည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သော သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်ကို တခြားသော ဝန်ကြီးဌာနများဖြစ်သည့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန စသည်ဖြင့် ဝန်ကြီးဌာန အများအပြား ပါဝင်ရေးဆွဲလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြပေးထားပါသည်။
@ခေတ်လူငယ်
========================================================

သင်္ကြန် ဗုံးပေါက်ကွဲဒဏ် ခံရသူများအား သွေးလှူဒါန်း လိုသူ များပြားခဲ့ သွေးသိုလှောင်နိုင်မှု အခက်အခဲကြောင့် သွေးအိတ် ၁၀၀၀ သာ လက်ခံခဲ့ရ
April 28, Wednesday,2010 6:30 PM

မဟာသင်္ကြန်အကြတ်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော လူနာများအတွက် သွေးလှူဒါန်းလိုသူများ များပြား ခဲ့သော်လည်း သွေးအိတ်ပေါင်း ၁၀၀၀ သာ လက်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သွေးလှူဒါန်းရန် ဖုန်း Message များ ၀င်ရောက်လာရာတွင် မြန်မာလူမျိုးတို့၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့် လာရောက် လှူဒါန်းသူများ အလွန် များပြား လာကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အမျိုးသားသွေးဌာနမှ သိရသည်။ သွေးလှူဒါန်းလိုသူများ များပြားခဲ့သော်လည်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် သွေးအိတ်ပေါင်း ၁၀၀၀ သာ သိုလှောင်နိုင်သောကြောင့် သွေးလှူဒါန်း လိုသူများကို ထပ်မံ လက်မခံ တော့ကြောင်း သိရသည်။ “ဒီမှာ သွေးအိတ်ပေါင်း ၁၀၀၀ ပဲသိုလှောင်နိုင်တယ်။ ၁၀၀၀ ကျော် သိုလှောင် လိုက်ရင် သတ်မှတ်ထားတဲ့ အအေးနှုန်း မရတော့ဘူး။ အဲဒီလိုသွေးကို လူနာတွေကို သွင်းလိုက်ရင် အဖျားတက်တယ်။ လူနာအတွက် အန္တရာယ်ရှိတယ်။ သွေးအိတ်ကလည်း ၃၅ရက်ပဲ ထားလို့ရတယ်။ လာလှူတဲ့သူတွေရဲ့ သွေးကို မလိုအပ်ဘဲ ယူထားပြီး မသုံးဖြစ်ရင် အဲဒီသွေးတွေကို စွန့်ပစ်ရမှာ။ အဲဒါကြောင့် လက်မခံတာပါ” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာ ဒေါ်သီတာအောင်က ပြောကြားခဲ့သည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ ဧပြီ ၁၅ ရက်မှ ၁၈ရက်ထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော လူနာများမှ သွေးလိုအပ်သော လူနာ ၃၄ ဦးအား သွေးအိတ်ပေါင်း ၆၂ အိတ်အား အခမဲ့ ကူညီမှုပေးခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါ သည်။ "
@ခေတ်လူငယ်
========================================================

နေပြည်တော် ပြည်သူ့ဆေးရုံကြီး( ခုတင်-၁၀၀၀)၌ မျက်စိ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးမည်
April 28, Wednesday,2010 6:30 PM

ကျန်းမာရေးဝန်ကြီးဌာန မျက်စိ အထူးကု ဆရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံမှ Professor Dr.Yoshifumi Fujita ဦးဆောင်သည့် ဂျပန် မျက်စိအထူး ကု ဆရာဝန်များပူးပေါင်း၍ မျက်စိ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသခြင်းအစိအစဉ်ကို မေ ၃ ရက်နှင့် ၄ ရက်တို့တွင် နေပြည်တော် ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ဆောင်ရွက်မည် ဖြစ်သဖြင့် ပြသကုသလိုသူ မျက်စိဝေဒနာရှင်များသည် ဧပြီ ၂၆ ရက်မှ ဧပြီ ၃၀ ရက်အတွင်း နေ ပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မျက်စိ အထူးကုဌာန၌ စာရင်းပေးသွင်းနိုင်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်
========================================================

နိုင်ငံရေးပါတီ တည်ထောင် လိုသူများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဆက်လက် လျှောက်ထားလျက်ရှိ
April 28, Wednesday,2010 6:30 PM

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့ တည်ထောင်လိုသော ပါတီ၏ အမည်ကိုဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဆက်လက် လျှောက်ထားလျက်ရှိကြရာ ၂၀၁၀ ခုနှစ် ဧပြီ ၂၆ ရက်တွင် အောက်ဖော်ပြပါ အဖွဲ့များက လာရောက် လျှောက်ထားခဲ့ကြကြောင်း သိ ရှိရသည်။ "( က) ကယန်း အမျိုးသားပါတီ"(ခ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ "( National Democratic Party for Development ) ဧပြီ ၂၆ ရက်နေ့ထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ (၂၁) ဖွဲ့ ရှိပြီ ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့များအနက်(၅) ဖွဲ့ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုပြီး ဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့် အဖွဲ့များကိုလည်း စိစစ် ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်
========================================================

ငါးလုပ်ငန်း ကုမ္ပဏီတစ်ခု ကျပ် ၃၃၅သိန်း အခိုးခံရမှု သင်္ကြန်အကြတ်နေ့ကဖြစ်ပွား

ရန်ကုန်၊ ဧပြီ ၂၃- လှိုင်မြို့နယ်ရှိ ငါးလုပ်ငန်း ကုမ္ပဏီတစ်ခုတွင် ဧပြီ ၁၆ရက် သင်္ကြန် အကြတ်နေ့က ငွေကျပ် ၃၃၅သိန်း အခိုးခံရ သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ဖြစ်စဉ်မှာ အဆိုပါငါးလုပ်ငန်းကုမ္ပ ဏီမှ အိမ်ရှင်သည် ယင်းနေ့နံနက် ၇နာရီ တွင် အိပ်ရာမှနိုးစဉ် နေအိမ်အတွင်း၌ေ>မ ရေခွံအိတ်ဖြင့်ထည့်ထားသည့် ကျပ် ၁၂၅ သိန်း အိတ်တစ်အိတ်၊ ကျပ်၂၄၅သိန်းအိတ် တစ်အိတ်နှင့် ကျပ်သိန်း၂၀၀အိတ်တစ်အိတ် တို့ကို ကြည့်ရှုရာ ကျပ် ၁၂၅သိန်းထည့်ထား သည့် အိတ်တစ်အိတ်နှင့် ကျပ်၂၄၅သိန်းထည့် ထားသောအိတ်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရသဖြင့် နေအိမ်ဝန်းကျင် လိုက်လံရှာ ဖွေရာ အိမ်ရှေ့ခြံစည်းရိုးအနီး၌ ကျပ်၂၄၅ သိန်းထည့်ထားသည့်အိတ်တွင် ကျပ် ၃၅သိန်း သာကျန်ခဲ့ပြီး ကျပ် ၃၃၅သိန်းမှာ ပျောက်ဆုံး နေကြောင်းတွေ့ရှိရသဖြင့် ဘုရင့်နောင် ပိတောက်ချောင်းရဲစခန်းသို့ တိုင်ကြားထား သည်ဟု သိရသည်။
အဆိုပါအမှုကို ပိတောက်ချောင်း ရဲစခန်းမှ ပ^၁၀၁^၁၀ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
@yangonmedia
========================================================

သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးကွဲ
Tuesday, April 27, 2010

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ယနေ့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားရာ အနည်းဆုံး ၄ ဦးခန့် ဒဏ်ရာရကြောင်း သိရသည်။

သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံး ၃ လုံးပေါက်ပြီး လူလေးယောက် ဒဏ်ရာရကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူ တဦးက ပြောသည်ဟု အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားသည်။

ယင်း သောက်ရေခပ် ဆည်စီမံကိန်းသည် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သီးခြား တာဝန်ယူလုပ်ကိုင်လျက် ရှိပြီး မဂ္ဂါဝပ် ၁၄၀ ထုတ်လုပ်နိုင်သော စိုက်ပျိုးရေးအတွက် ဆည်ရေပေးဝေနိုင်သည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

သောက်ရေခပ် ဆည်ဆောက်လုပ်ရေးကို အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက်နှင့် မင်းအနော်ရထာ အုပ်စု ကုမ္ပဏီ လီမိတက် တို့က တာဝန်ယူထားပြီး B.O.T (တည်ဆောက်၊ မောင်းနှင်၊ လွှဲပြောင်း စနစ်) ဖြင့် လက်ခံတည်ဆောက်ရန် သဘောတူထား ခြင်း ဖြစ်ကြောင်း Eleven Media Group ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
@ဧရာဝတီ
===========================================================

ရခိုင်ပြည်နယ်မှ ကျွဲနွားများ ဘင်္ဂလားဒေ့ရှ်သို့ ခိုးထုတ်နေ
ကိုဗေဒါ Tuesday, April 27, 2010

ရခိုင်ပြည်နယ်အတွင်းမှ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ နွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တရားမ၀င် တင်ပို့ရောင်းချမှု မြင့်မား နေသောကြောင့် ထိုဒေသတွင် ကျွဲ၊ နွားရှားပါးနေကြောင်း သိရသည်။

မှောင်ခိုသမားများသည် ရခိုင်ပြည်နယ်အတွင်းမှ ကျွဲ၊ နွားများကို ၂၀၀၅ ခုနှစ်ခန့် ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကျယ်ကျယ်ပြန့်ပြန့် တရားမ၀င် တင်ပို့ရောင်းချ နေကြကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

“ကျနော်တို့ဆီမှာ နွားတွေ၊ ကျွဲတွေ မရှိသလောက်ကို ရှားနေပြီ။ မှောင်ခိုသမားတွေက လတိုင်း လတိုင်း ပုံမှန်လာတင်နေတာ။ သူတို့ တင်သွားတဲ့ နွားတွေကလည်း ဂွမြို့ကတင်မကဘူး၊ ရခိုင်ပြည်နယ် တနယ်လုံးက ကျွဲနွားတွေပါ။ ဆိပ်ကမ်းတွေမှာ မှောင်ခို စက်လှေတွေ ကပ်ပြီး ဝယ်နေ၊ ရောင်းနေကြတာ” ဟု ဂွမြို့မှ လယ်သမားတဦးက ပြောသည်။

နွားသူခိုး များက ၎င်းတို့ခိုးယူလာသည့် ရခိုင်ပြည်နယ်အရှေ့ပိုင်းမှ နွားများကို အနောက်ပိုင်းအထိ မောင်းယူခဲ့ပြီး အနောက်ပိုင်းတွင် နွားမှောင်ခိုများက စောင့်ဝယ်ကာ မော်တော်ကြီးများ၊ စက်လှေကြီးများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်သွားကြခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

ဂွမြို့နယ် ဆိပ်ကမ်းသို့ လစဉ် မှောင်ခို စက်လှေများ လာရောက်လေ့ရှိပြီး တလလျှင် ၂ စင်း သို့မဟုတ် ၃ စင်း ပုံမှန် ၀င်ရောက်ကာ ကျွဲ၊ နွားကောင်ရေ ၅၀၀ ၀န်းကျင်အထိ တင်သွားတတ်သည်ကို တွေ့မြင်ရကြောင်းလည်း သူက ဆက်ပြောသည်။

လယ်ယာသုံး ကျွဲ၊ နွားများပျောက်ဆုံးမှုကို ယခုအခါ ရခိုင်ပြည်နယ် အရှေ့ပိုင်း၊ အနောက်ပိုင်းတွင်သာမက ကုလားတန် မြစ်ဝဒေသ၊ ပုဏ္ဏားကျွန်းဒေသ များတွင်ပါ တွေ့ကြုံနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ကျွဲနွားတွေ ဘယ်လောက် ပျောက်ကုန်လဲဆိုရင် လယ်သမား ၁၀ ဦးမှာ ကျွဲနွားတရှည်း မရှိကြတော့ဘူး။ ၀ယ်တဲ့သူလည်း ပျောက်တာပဲ၊ ငှားတဲ့သူလည်း ပျောက်တာပဲ၊ အားလုံး ဒုက္ခ ရောက်ကြတယ်။ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး” ဟု ရခိုင်ပြည်၊ မြန်အောင်မြို့မှ လယ်သမားတဦးက ပြောသည်။

နွားမှောင်ခိုသမားများမှာ ယခုအခါ ပိုမိုရဲတင်းလာကာ နေ့လယ်ပိုင်း မမှောင်ခင်အချိန်တွင်ပင် စက်လှေများဖြင့် သယ်ယူနေကြ ကြောင်း ပုဏ္ဏားကျွန်းဒေသမှ ဒေသခံတဦးက ပြောသည်။

“ရဲတွေကလည်း အဲဒီလို စက်လှေလာကပ်ပြီဆိုရင် ဘယ်ရောက်ကုန်မှန်းမသိဘူး၊ ရှောင်နေကြတယ်။ ဆိပ်ကမ်းရဲလည်း မရှိဘူး၊ ပြည်နယ်ရဲ တွေလည်း မတွေ့တော့ဘူး” ဟု ရခိုင်အမျိုးသား တဦးက ပြောသည်။

ကျွဲ၊ နွား မှောင်ခိုများတွင် ရခိုင်ပြည်နယ် ဒေသခံများလည်း ပါဝင်သကဲ့သို့ တခြားဒေသမှလည်း ပါဝင်ကြကြောင်း၊ ယခု နောက်ပိုင်းတွင် တဖြည်းဖြည်း ကြီးထွားလာပြီး ယခုအခါ အရောင်းအ၀ယ်ကို ပေါ်ပေါ်တင်တင်တွ့မြင်ကြရကြောင်း ကုန်သည်တဦးက ပြောဆို သည်။

ယခုအခါ ကျွဲနွားလိုအပ်ချက် မြင့်မားလာသောကြောင့် ရခိုင်ပြည်နယ်မှ လယ်သမားများမှာ ဧရာဝတီတိုင်းမှ ၀ယ်ယူ၍ ပြည်နယ်အတွင်းသို့ တင်သွင်းနေရကြောင်း၊ ထိုသို့ ၀ယ်ယူ တင်သွင်းကြသော်လည်း နွားသူခိုးများနှင့် နွား မှောင်ခိုများကို ထိတ်လန့်နေရကြောင်း ဂွမြို့ခံ တဦးက ပြောသည်။

“ကျနော်တို့ဆီမှာ အခုဆို နွားတရှဉ်းကို ငွေကျပ် ၅ သိန်းခွဲလောက်ထိ ဈေးရှိနေပြီ။ အရင်က ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်က တရှဉ်းကို ၂ သိန်းလောက်ပဲ ရှိခဲ့တာ။ အခုတော့ ပိုက်ဆံ ရှိရင်တောင် ၀ယ်လို့မရတဲ့ အခြေအနေဖြစ်နေပြီ” ဟု သူက ဆိုသည်။
@ဧရာဝတီ
===============================================================

လွတ်မြောက်ဆဲ မြန်မာ ကလေးများ စိုးရိမ်

မလေးရှားနိုင်ငံ ကလန်တန်းပြည်နယ် တန္တာမေရ လူဝင်မှုစခန်း ထဲတွင် ဖမ်းဆီး ထိမ်သိမ်း ခံနေဆဲ ဖြစ်သော မြန်မာ ကလေးငယ် ၆ ဦးတို့ အား လူကုန် ကူးသူများ က ခြိမ်ခြောက် ပြောဆို သလို ချော့မော့ ပြောဆိုခြင်း ရှိနေကြောင်း သိရှိ ရသည်။ ယမန်နေ့က ဖမ်းဆီး ထိမ်းသိမ်း ခံထားရသူများ အနက် အသက် အကြီးဆုံး ဖြစ်သည့် ၁၄ နှစ် အရွယ် မင်းယုစန်းအား မလေးရှားမှ လူကုန် ကူသူ များက ဖုန်းဆက် လာခဲ့သည်။ “ကျနော်ကို ကျော်သူလင်းရဲ့ သူဌေး မဲလုံး က ဖုန်းဆက် လာတယ်၊ နင်တို့ သတင်းတွေ ၊ ဗမာပြည်က တီဗွီထဲ မှာရော၊ သတင်းစာ တွေမှာပါ ထွက်နေ ပြီတဲ့၊ ကျနော်တို့ အတွင်းထဲ ကနေ အပြင်ကို ဆက်သွယ် နေတာကို သူတို့ သိရှိ ထားပြီး ဖြစ်တယ်ပေါ့။ ကျနော် တို့ကို လာကယ် ထုတ်တဲ့ အဖွဲ့ တွေနဲ့ လိုက် မသွားနဲ့ လိုက်သွားရင် သူတို့ ရောင်းစား လိမ့်မယ် ဆို ပြီးတော့ ပြောပါတယ် ၊ ကျနော်တို့ သွားမယ် ဆိုရင် မြန်မာသံရုံးကို သူတို့ လေယာဉ် စရိတ် ပေးပြီး ပြန်ပို့ ပေးမယ် ဆိုပြီးတော့လည်း ပြောပါတယ်” ဟု မင်းယုစန်း က ပြောသည်။

အဆိုပါ ကလေးငယ်များ သတင်း အချက် အလက်များအား ပေးပို့ ကူညီနေသူ တစ်ဦးက“ ဒီကလေး တွေကို မြန်မြန် လွတ်မြောက် သွားစေ ချင်ပါတယ် ။ အစောင့် တွေက တစ်ဆင့် ကြားရ တာက အမျိုးသမီးဆောင်မှာ နေတဲ့ အသက် ၁၀ နှစ်အရွယ် မအေးမြထွေးကို လာမယ့် မေလ ၅ ရက်နေ့ မှာ အမျိုးသမီး တစ်ယောက် လာထုတ် မယ်လို့ ကြားတယ်။ နောက်ထပ်ပြီး ရောင်းစား ခံရမှာကို စိုးရိမ် ပါတယ်”ဟု ပြောသည်။

မင်းယုစန်းမှာ မူဆလင် တစ်ဦး ဖြစ်ပြီး ကျန်ကလေး ၅ ဦးတို့ မှာ ဗမာ ကလေးငယ်များ ဖြစ်ကြသည်။ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်း နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ ကျနော်တို့ အပူ တပြင်း ဆောင်ရွက် နေပါတယ် ။ မလေးရှားက လူ့အခွင့်အရေး လှုပ်ရှား သူတွေက တဆင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးနဲ့ တိုက်ရိုက် ဆက်စပ် ဆောင်ရွက် နေပါတယ်။ မက် ဖေါင်ဒေးရှင်း ဒါရိုက်တာ တို့နဲ့ ညှိနှိုင်းပြီးတော့ ပေါ့လေ။ ကလေး မိဘတွေ ဘက်က ဘာမှ ဆက်သွယ် လာတာ မရှိတော့ မလေးရှားက ရှေ့နေ တို့ကိုပဲ ပြန်ပြီးတော့ ဘယ်လို လုပ်ရင် အဆင်ပြေ မလဲလို့ ပြန်တိုင်ပင် နေကြပါတယ်။ ဘာပဲ ပြောပြော ကလေးတွေ မကြာခင် လွတ်လာ ပြီးတော့ မိဘတွေ ဆီကို ပြန်ရောက်မယ်လို့တော့ မျှော်လင့် ပါတယ်” ဟုပြောသည်။

ကလေး တစ်ဦးချင်း စီတို့၏ ပြောပြချက် အရ လူကုန်ကူသူ များမှာ မူဆလင် ဘာဝင်များ ဖြစ်ပြီး အချို့ကို လေယာဉ် အချို့ကို ရန်ကုန်မှ ရထားများဖြင့် ကော့သောင်း သို့ ရောက်ရှိအောင် ခေါ်ဆောင် လာခဲ့ပြီး ကော့သောင်းမှ တဆင့် လက်ဆင့်ကမ်း လူကုန်ကူကာ မလေးရှား နိုင်ငံသို့ ရောက်ရှိ လာခဲ့ကြောင်း သိရှိ ရသည်။

မလေးရှားနိုင်ငံ တန္တာမေရ စခန်းတွင် ဖမ်းဆီး ခံနေရသည့် မြန်မာကလေး ၆ ဦး၏ အချက် အလက် များမှာ


စဉ် အမည် အသက် ထောင်အမှတ် မိဘအမည် နေရပ်လိပ်စာ
၁ မအေးမြထွေး ၁၀ နှစ် ၅၃၃၂၆ ဦးဖိုးသိန်း ၊ ဒေါ်ကုလားမ ဘုရားလမ်း ၊ ရွှေဘုံသာရပ်ကွက် ၊ မတ္တရာမြို့ ၊ မန္တလေးတိုင်း။
၂ ကျော်သူလင်း ၁၂ နှစ် ၅၃၅၄၆ ဦးဇော်လင်း၊ဒေါ်အေးမြစိန် ဘုရားလမ်း ၊ ရွှေဘုံသာရပ်ကွက် ၊ မတ္တရာမြို့ ၊ မန္တလေးတိုင်း။
၃ တင်မျိုးထက် ၁၂ နှစ် ၅၃၃၂၉ ဦးဖိုးညီ၊ဒေါ်ခင်လေးရည် ပျဉ်ပုံကြီးကျေးရွာ ၊ ကျောက်ကုန်းမြို့နယ် ၊ ဧရာဝတီတိုင်း။
၎ နေလင်းဦး ၁၂ နှစ် ၅၃၅၄၄ ဦးလွင်မြင့်၊ဒေါ်စန္ဒာဌေး န၀ဒေးပတ်လမ်း ၊ ၇/ရပ်ကွက် ၊ လှိုင်သာယာ ၊ ရန်ကုန်တိုင်း။
၅ အောင်ကိုဝင်း ၁၂ နှစ် ၅၃၅၄၉ ဦးသာလှိုင်၊ဒေါ်မျိုးမျိုးစိန် န၀ဒေးပတ်လမ်း ၊ ၇/ရပ်ကွက် ၊ လှိုင်သာယာ ၊ ရန်ကုန်တိုင်း။
၆ မင်းယုစန်း ၁၄ နှစ် ၅၃၅၄၅ ဦးယုလွင်၊ဒေါ်နုနုခင် သက်ငြိမ်ရပ်ကွက် ၊ ဒလ ၊ အမက ၁၄ အနီး ၊ ရန်ကုန်တိုင်း။

@ဟံသာဝတီ
==============================================================

မန်မာနိုင်ငံ၏မူပိုင်ခွင့် ဥပဒေသစ်ကို ၂၀၁၃ ခုနှစ်မကျော်လွန်မီ ထုတ်ပြန်မည်ဟုသိရ
Written by ဝေယံဖြိုးဦး၊ ၀င်းမြင့်ကျော်
Wednesday, 28 April 2010 10:17

မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေသစ်ကို (New IP Law) ၂၀၁၃ ခုနှစ် မတိုင်မီသိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲ အကောင်အထည်ဖော်ထုတ်ပြန်မည်ဟု သိရှိရကြောင်း ဧပြီလ ၂၆ ရက်နေ့၌ ကျင်းပသည့် WIPO Day အထိမ်းအမှတ်ပွဲတွင် ရှေ့နေချုပ်ရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ၏သဘောတူညီချက်အရ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများအနက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် မူပိုင်ခွင့်ရေးရာများ အကောင်အထည်ဖော်၍ သတ်မှတ်ပေးထားသည့် နောက်ဆုံး အချိန်ကာလကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ရေးဆွဲလျက်ရှိသော မြန်မာ့မူပိုင်ခွင့် ဥပဒေသစ်များမှာ ကုန်ပစ္စည်းတံဆိပ်ဥပဒေ၊ စာပေအနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုလက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေတို့ ဖြစ်ကြောင်း အဆိုပါဥပဒေများကို ၂၀၀၄၊ ၂၀၀၅ ၀န်းကျင်မှစတင်ရေး ဆွဲနေခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် မတိုင်မီ ဥပဒေများထုတ်ပြန်ရန် သင့်တော်ပြည့်စုံသည့်အချိန်၌ နိုင်ငံတော်မှ စတင်ပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရှိရသည်။

"မြန်မာနိုင်ငံမှာ ရေးဆွဲနေတဲ့ မူပိုင်ခွင့်ဥပဒေသစ်လေးမျိုးကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲလျက်ရှိပြီး ၂၀၁၃ ခုနှစ်မတိုင်မီ အထိ ဒီဥပဒေတွေကို ပြဋ္ဌာန်းဖို့အချိန် ရရှိမှာဖြစ်ပါတယ်။ ဒီဥပဒေမျိုးက၊ စကားအရမ်းပြောရတဲ့ ဥပဒေမျိုး၊ ပြဿနာပေါင်းစုံပါဝင်တဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။ ရှေ့နေချုပ်ရုံး ၀န်ထမ်းတစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင် သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ စာမူကြမ်းတွေကို ကျွန်တော်တို့ဆီကိုပို့ပါတယ်။ ကျွန်တော်တို့ဆီကနေ သူတို့ဆီကိုပြန်ပို့ ပြီးတဲ့အခါမှာ သူတို့ကနေတစ်ဆင့် ရုပ်ရှင်အဖွဲ့၊ ပန်းချီပန်းပုအဖွဲ့၊ စာပေ စာနယ်ဇင်းအဖွဲ့နဲ့ တခြားတိုင်းရင်းသားအဖွဲ့ပေါင်း များစွာနဲ့ပူးပေါင်း ဆောင်ရွက်ရတဲ့အတွက် တခြားဥပဒေတွေနဲ့ မတူတဲ့ဥပဒေသစ်တစ်ရပ် ဖြစ် ပါတယ" ဟုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မူပိုင်ခွင့်ဟူသည် မှီငြမ်းမှု၊ ကိုးကားမှု၊ တစ်ဆင့်ပြန်လည်အသုံးပြုမှု အတွက်အဓိကဖြစ်သည်ဆိုသည့် အယူအဆမှာ အပြည့်အ၀မှန်ကန်မှု မရှိနိုင်ဘဲ ကနဦးတီထွင်မှု၊ ဖန်တီးမှုများအတွက် အထူးအရေးပါသောနေရာမှ ရပ်တည်နေကြောင်း ရှေ့နေ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက "ဒီဥပဒေ ပေါ်ထွက်လာပြီဆိုရင် ကျွန်တော်တို့ ရုပ်ရှင်လောကကြီးက ခဏတော့ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ရှိသမျှ ဇာတ်လမ်းတွေကူးချ၊ ရှိသမျှသီချင်းတွေ ကူးရေးကြပြီးဆိုထားတာ ဖြစ်တဲ့ အတွက် ဒီဥပဒေကို ဒီနေ့ပြဋ္ဌာန်းပြီးပြီဆိုရင် နောက်နေ့မှာ ကျွန်တော်တို့ပြစရာ ရုပ်ရှင်၊ ဗီဒီယို ကျွန်တော်တို့ လွှင့်စရာသီချင်းတွေရှိတော့မှာ မဟုတ်ပါဘူး" ဟုပြောကြားခဲ့သည်။

စီးပွားရေး တိုးတက်မှုနှေးကွေးပြီး တီထွင်မှုနည်းပါးသည့်နိုင်ငံများ တွင် မူပိုင်ခွင့်ဥပဒေ ဖွံ့ဖြိုးမှုနည်းပါးကြောင်း တီထွင်မှုများပြားလာပါက မူပိုင်ခွင့်ရရှိရန် လိုအပ်မှုမှာများပြားလာမည်ဖြစ်ပြီး အဆိုပါမူပိုင်ခွင့်သည် မူပိုင်သူများနှင့်တီထွင်သူများကို အကာ အကွယ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံသူများကလည်း ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများကို စိစစ်လေ့လာရာတွင်၎င်းတို့ ရင်းနှီးမြှပ်နှံရန်ရည်ရွယ်ထားသော နိုင်ငံများတွင် ဥာဏပစ္စည်းအရပ်ရပ် တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများကို ထိရောက်ခိုင်မာစွာ အကာအကွယ် ပေးနိုင်သော ဥပဒေများပြဋ္ဌာန်းထားမှု ရှိမရှိဟူသည် အရေးပါသော သုံးသပ်ချက်တစ်ခုဖြစ်ကြောင်း သိရသည်။
@first-11
==============================================================

အခကြေးငွေယူ၍ တရားခံများအား အာမခံပေးသူအဖြစ်ဆောင်ရွက်ပေးနေသူ ပွဲစားများရှိခြင်းကြောင့် အာမခံပွဲစားမျာကို အာမခံခွင့်မပြုကြောင်း တရားရုံးများ၌ ကြေငြာထား

အခကြေးငွေယူ၍ တရားခံများအား အာမခံပေးသူအဖြစ် လိုက်လံဆောင်ရွက်ပေးနေသူ ပွဲစားများ တရားရုံးများပတ်ဝန်းကျင်တွင် ရှိနေကြောင်း အမှုသည်များနှင့် ရှေ့နေများ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

အခကြေးငွေယူ၍ အာမခံကိစ္စ လိုက်လံဆောင်ရွက်ပေးခြင်းဆိုသည်မှာ ပြစ်မှုကျူးလွန်သူတရားခံတစ်ဦးသည် တရားရုံးမှ အာမခံရရှိရန် အာမခံသူရှိရမည်ဖြစ်ကြောင်း၊ အဆိုပါ အာမခံသူသည် တရားရုံးကသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များအတိုင်းအာမခံရမည်ဖြစ်ကြောင်း၊ အချို့သောသူများက တရားခံသည်မိမိနှင့် သိကျွမ်းသူများမဟုတ်သော်လည်း အခကြေးငွေယူကာ အာမခံပွဲစားအဖြစ် လိုက်လံဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်း သိရသည်။

အာမခံပွဲစားများနှင့် ပတ်သက်၍အမှုသည်တစ်ဦးက "ကျွန်မ ညီမလေးရဲ့အမှုတုန်းက တရားရုံးမှာ အာမခံပေးမယ့် လူလိုတာနဲ့ ရပ်ကွက်ထဲက အိမ်နီးချင်းတစ်ဦးအဆက်အသွယ်နဲ့ အာမခံပေးမယ့်သူနဲ့ အဆက်အသွယ် ရလိုက်တယ်။ အဲဒီသူက တရားရုံးမှာ အာမခံဖို့ လုံလောက်တဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ သိန်းလေးရာကျော်တန် အိမ်ပိုင်ရှင်ပါ။ အာမခံပေးရလို့ဆိုပြီး သူ့ကိုငွေပေးလိုက်ရတယ်။ တရားရုံးပတ်ဝန်းကျင်မှာလည်း အာမခံအဖြစ် လိုက်လံဆောင်ရွက်ပေးမယ့် ပွဲစားတွေရှိနေတယ်လို့ သိရတယ်" ဟုဆိုပါသည်။
၎င်းတို့ အာမခံထားသော တရားခံ ထွက်ပြေးသွားပါက ၄င်းတို့တွင် တာဝန်ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာနှင့်လည်း ဖြေရှင်းရနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အာမခံပွဲစားအဖြစ် လုပ်ဆောင်နေမှုများအား ရှောင်ကြဉ်သင့်ကြောင်း . . .

အာမခံပေးမည့်သူများ အနေဖြင့် သိထားသင့်သည်မှာ ၄င်းတို့ အာမခံထားသော တရားခံထွက်ပြေးသွားပါက ၄င်းတို့တွင် တာဝန်ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာနှင့်လည်း ဖြေရှင်းရနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အာမခံပွဲစားအဖြစ်လုပ်ဆောင် နေမှုများအား ရှောင်ကြဉ်သင့်ကြောင်း၊ မိမိတို့နှင့် အမှန်တကယ်ရင်းနှီးသူ သက်ဆိုင်သူ၊ ယုံကြည်ရသူများကိုသာ အာမခံပေးသင့်ကြောင်း အထက်တန်းရှေ့နေတစ်ဦးက ဆိုပါသည်။

အာမခံလျှောက်ထားရာတွင် ပါဝင်ရမည့် အချက်များထဲတွင် အာမခံသူသည် သက်ဆိုင်ရာမြို့နယ်တွင် နေထိုင်သူဖြစ်ရမည်ဖြစ်ကြောင်း၊ အာမခံသည် ပစ္စည်းပိုင်ဆိုင်ကြောင်းကို ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ထောက်ခံစာရှိရ မည်ဖြစ်ကြောင်း၊ အာမခံသူများသည် မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း ရှိရမည်ဖြစ်ကြောင်း၊ အခြားမြို့နယ်တွင်နေထိုင်သူများအား အာမခံခွင့်မပြုကြောင်း၊ တရားခံတစ်ဦးကို အာမခံသူနှစ်ဦးပါရှိရမည်ဖြစ်ကြောင်း၊ ရုံးပတ်ဝန်းကျင်ရှိ အာမခံ ပွဲစားများအား အာမခံခွင့်မပြုကြောင်း၊ ခိုင်လုံသော အာမခံမရှိပါက အာမခံအတွက် စဉ်းစားမည်မဟုတ်ကြောင်း တရားရုံးအချို့တွင် ကြေညာထားကြောင်း ရှေ့နေများနှင့်အမှုသည်များထံမှ သိရသည်။
@first-11
==============================================================

မဲဆန္ဒနယ် အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အခြေအနေကောင်းနိုင်ဟု ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားများ ရှုမြင်

မဲဆန္ဒနယ် တစ်နယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးတည်း သာရှိပါက ယင်းပုဂ္ဂိုလ်သာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမည်ဖြစ်၍ မဲဆန္ဒနယ် အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် ပါတီအနေဖြင့်ရွေး ကောက်ပွဲတွင် အခြေအနေကောင်း နိုင်ဖွယ်ရှိသည်ဟု ရွေးကောက်ပွဲဝင် မည့်နိုင်ငံရေးသမားများက ရှုမြင်နေကြကြောင်း သိရသည်။

"မဲဆန္ဒနယ်အားလုံးကို ၀င်ပြိုင်နိုင်တဲ့ပါတီကတော့ ရွေးကောက်ပွဲမှာ အခြေအနေကောင်းနိုင်ပါတယ်။ပြည်သူတွေအနေနဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းရှိတဲ့ မဲဆန္ဒနယ်ထက် ကိုယ်စားလှယ်လောင်း နှစ်ဦး၊ သုံးဦးထက် မနည်းရှိတဲ့ မဲဆန္ဒနယ်မှာ ကိုယ်ကြိုက်တဲ့ကိုယ်စားလှယ်လောင်းကို ရွေးချယ်မဲပေးရတာ ပိုကောင်းပါတယ်"ဟု နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ရန်ခွင့်ပြုခြင်း ရရှိထားပြီဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ခေါင်းဆောင်ဦးအေးလွင်က ပြောကြားခဲ့သည်။

"ပါတီသစ်တွေနဲ့ ကျွန်မတို့ကြားမှာ သိပ်တော့ ကွာမှာမဟုတ်ဘူး"ဟု ဒေါ်သန်းသန်းနုက ပြောကြားခဲ့သည်။

လက်ရှိ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားပြီးသည့်အဖွဲ့ ၂၁ ဖွဲ့ရှိသွားပြီဖြစ်ပြီး ယင်းအနက် ငါးဖွဲ့ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်လျှောက် ထားပြီးသည့်ပါတီမှာ ဧပြီလ ၂၃ ရက်နေ့အထိ လေးပါတီ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ် ငါးသိန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲထက် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် မဲဆန္ဒနယ်များပြားကြောင်း နှင့်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် မှာ ၃၃၀ ဖြစ်ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ၁၆၈ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က ပြောကြားခဲ့သည်။

"ငွေကြေးအင်အား တောင့်တင်းတဲ့ပါတီသာ မဲဆန္ဒနယ်အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိပါတီသစ်တွေရော ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ် လို့ ပြောထားကြတဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲဝင် ပါတီဟောင်းတွေထဲ မှာရော မဲဆန္ဒနယ်အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ့်ပါတီ လတ်တလော မတွေ့မိသေးပါဘူး။ ဒါကြောင့် ငွေကြေး အင်အားကောင်းကောင်းနဲ့ မဲဆန္ဒနယ်အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ စီစဉ်နေတဲ့ ပါတီတွေအတွက်တော့ အခြေအနေ ကောင်းနေပါတယ်။ ဘာလို့လဲဆိုတော့ မဲဆန္ဒနယ်တစ်နယ်မှာ ယှဉ်ပြိုင်ဖက်မရှိရင် ရွေးကောက်ပွဲတောင် ကျင်းပစရာမလိုဘဲ ရှိတဲ့သူက အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမှာကိုး"ဟု ၄င်းက ဧပြီလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တပ်မတော်အစိုးရသည် ယခုနှစ်အတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ပြောကြားထားသည်။ ကျင်းပသွားမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပ သည့်ရွေးကောက်ပွဲများ ဖြစ်သည်။
@first-11
=============================================================

ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်
April 28, Wednesday,2010 6:30 PM

ထိုင်းနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအဖွဲ့(BOI)မှ တာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်းနယူးစ်အေဂျင်စီ(TNA)တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ မြန်မာနိုင်ငံတွင် အများ ဆုံး ဖြစ်ပြီး ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ ဗြိတိန်ဖြစ်ကာ တတိယအများဆုံးမှာ စင်္ကာပူနိုင်ငံ ဖြစ်ကြောင်း ထိုသတင်း၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံစရာ စီးပွားရေးလုပ်ကွက်များ အများအပြားရှိပြီး ၁၉၈၈ ခုနှစ်မှ ၂၀၀၉ခုနှစ် အထိ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၁ ဘီလီယံ(ဒေါ်လာသန်း ၇၄၁၀) ရှိပြီ ဖြစ်ကြောင်း ထိုင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အကြံပေးအရာရှိ မစ္စ၀ါဆာနာက ပြောသည်။ ထိုရင်းနှီးမြှုပ်နှံမှု ပမာဏတွင် ၈၁ ဒသမ ၇ ရာခိုင်နှုန်းမှာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးတွင် မြှုပ်နှံထားပြီး ၈ ဒသမ ၃၃ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် မြှုပ်နှံထားကာ ၃ ဒသမ ၁ ရာခိုင်နှုန်းမှာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
@ခေတ်လူငယ်
===========================================================


အပူရှိန်မြင့်တက်၍ ငါးမွေးကန်မှ ငါးများပိုမို သေဆုံး
April 28, Wednesday,2010 6:30 PM

ယခု နွေရာသီတွင် အလွန် ပူပြင်းနေသောကြောင့် ငါးမွေးကန်များ၌ ငါးသေဆုံးမှု ဆက်လက် ဖြစ်ပေါ်နေကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင် တချို့ကပြောသည်။ “တစ်ဦးတည်းဧက ၁၀၀၀ ပိုင်တဲ့ကန်တွေမှာ တစ်နေ့တည်း ငါးကောင်ရေ တစ်ထောင်လောက် သေတာ နေ့စဉ်လိုပဲ”ဟု ဧရာဝတီ ငါးမျိုးမြှင့်တင်ရေးနှင့် ငါးမြစ်ချင်းမွေးမြူရေး လုပ်ငန်းရှင် ဦးဝင်းကြိုင်က ပြောသည်။ ငါးမွေးမြူရေး လုပ်ငန်း အတွေ့အကြုံနှစ် ၂၀ အတွင်း ယခုနှစ်သည် ငါးသေဆုံးမှု အဆိုးရွားဆုံး နှစ်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောသည်။ “ရာသီဥတု ပြင်းထန်ပြီး ရေအပူချိန် မြင့်တက်နေတော့ ငါးတွေ အရိပ်အာဝါသရဖို့ ဒိုက်တွေချပေးထားရတယ်” ဟု မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။ ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ငါးမွေးမြူသူများအား ရေအရည်အသွေး ထိန်းသိမ်းနည်း သင်တန်းများ ပို့ချပေးရန် စီစဉ်ထားကြောင်း ၄င်းကပြောသည်။ ယခုနှစ် မတ်လဆန်းတွင် တွံတေးမြို့နယ်၌ ဖြစ်ပွားခဲ့သော ငါးသေဆုံးမှု ဖြစ်စဉ်တွင် ငါးကောင် ရေ ၁ သိန်းလုံး ညတွင်းချင်း သေဆုံးခဲ့သည်။ ယခုနှစ်တွင် မိုးရွာသွန်းမှု မရှိသေးသရွေ့ ငါးသေဆုံးမှုများ ပိုမိုမြင့်မားလာဖွယ် ရှိပြီး မိုးရွာလာမှသာ သေဆုံးမှုနှုန်း လျော့ကျလာမှာ ဖြစ်ကြောင်း ရာသီဥတု ပြောင်းလဲမှုကို လေ့လာစောင့်ကြည့်၍ အသိပညာ ဖြန့်ဖြူးနေသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။"
@ခေတ်လူငယ်
============================================================

တိုက်ပြီးပြေးသော ယာဉ်မောင်းများ အတွက် ကျေအေးခွင့် ပြုမည် မဟုတ်
April 28, Wednesday,2010 6:30 PM

နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ စီမံခန့်ခွဲမှု နယ်မြေအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများတွင် ကိုယ်လွတ် ရုန်းကာ ထွက်ပြေး တိမ်းရှောင်သွားသော ယာဉ်မောင်းများအား ကျေအေးရုတ်သိမ်းခွင့် လုံးဝပြုမည် မဟုတ်ကြောင်း နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ယာဉ်စည်းကမ်းကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်မင်းဇော်က တိုင်းစစ်ဌာနချုပ် ခန်းမတွင် ဧပြီ ၂၃ရက်နေ့က ပြုလုပ်ခဲ့သော ယာဉ်စည်းကမ်းဆိုင်ရာ အခမ်းအနား၌ ထည့်သွင်း ပြောကြားသွားခဲ့သည်။ “တိုက်ပြီးထွက်ပြေးတဲ့ ယာဉ်မောင်းကို ကျေအေးခွင့် လုံးဝ မပေးနိုင်ပါဘူး။ ပြောရရင် ကျေအေးခွင့် တင်ကိုမတင်ရပါဘူး”ဟု ဒုတိယတိုင်းမှူးက ပြောကြားသွားခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ ထွက်ပြေးသူ အား ရဲတပ်ဖွဲ့မှ မိအောင်ဖမ်းဆီး အရေးယူရန်လည်း ဆက်လက် ညွန်ကြားခဲ့ကြောင်း သိရသည်။ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်း အ၀ိုင်းတွင် ဧပြီ ၁၇ ရက်က ယာဉ်မတော်မဆမှု ဖြစ်ပွားရာ၌ ခရီးသည် အများအပြား ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းသူမှာ ထွက်ပြေး တိမ်းရှောင်သွား သဖြင့် အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဒုတိယတိုင်းမှူးက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သော မဟာသင်္ကြန် ပွဲတော်အတွင်း၌ ယမန်နှစ်ကထက် သေဆုံးဒဏ်ရာ ရရှိသူ လျော့နည်းခဲ့ကြောင်း ယခုနှစ်သင်္ကြန် ကာလအတွင်း၌ ယာဉ် မတော် တဆမှုကြောင့် ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၅ ဦး သေဆုံးခဲ့ကြောင်း၊ ယမန်နှစ်က ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။"
@ခေတ်လူငယ်
==========================================================

ရတနာပုံ စီးတီးမှ ပြည်တွင်းထုတ် နည်းပညာ ပစ္စည်းများ မကြာမီ သုံးစွဲ နိုင်တော့မည်
April 28, Wednesday,2010 6:30 PM

ရတနာပုံ ဆိုက်ဘာစီးတီးတွင် အခြေစိုက် တည်ထောင်ထားသော နည်းပညာ ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းများ စတင်လည်ပတ်နေပြီ ဖြစ် သောကြောင့် ပြည်တွင်းထုတ် နည်းပညာပစ္စည်းများ မကြာမီး သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ နည်းပညာမြို့တော်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး နည်းပညာမြို့တော်ဖြစ်သော ရတနာပုံ ဆိုက်ဘာစီးတီး၏ Soft Based Factories Area Zone အတွင်းရှိ Asia Mega Link စက်ရုံ ITE မိုဘိုင်းလ်ကုမ္ပဏီနှင့် ပူးပေါင်း ထုတ်လုပ်လျက်ရှိသည့် Mobile Base Station Terminal ( BTS) များကို စတင် ထုတ်လုပ် နေပြီဖြစ်ပြီး အဆိုပါ စက်ရုံမှ တစ်နှစ်လျှင် ဂျီအက်စ်အမ်မို ဘိုင်းလ်ဟန်းဆက် အရေအတွက် တစ်သိန်း နှစ်သောင်းခန့်နှင့် မိုဘိုင်းလ် BTS အလုံးရေ တစ်ထောင့်နှစ်ရာ ဝန်းကျင်ထုတ်လုပ်နိုင်မည်ဟု သတင်းရရှိသည်။ ထို့အပြင် ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ Solar Cell ပြားများကို လည်းကောင်း Mc Will ( Multi- carrier Wireless Information Local Loop) ဆက်သွယ်ရေး စနစ်အတွက် ဟန်းဆက်( Handset ) များကို လည်း ထုတ်လုပ်နေပြီ ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။ မိုဘိုင်းလ် ဆက်သွယ်ရေး စက်ပစ္စည်းများဖြစ်သည့် CDMA 450MHz နှင့် CDMA 800MHz Mobile စနစ်အတွက် BTS နှင့် Handset များ တပ်ဆင် ထုတ်လုပ်မှုအား Elite Tech Manufacturing Co., Ltd နှင့် HUAWEI Co., Ltd တို့မှ ပူးပေါင်း ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရတနာပုံ နည်းပညာမြို့တော်တွင် ပြည်တွင်း ပြည်ပမှ နည်းပညာကုမ္ပဏီ ၇ ခုခန့် စတင်ဆက်သွယ် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း အများစုမှာ တရုတ်နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသော ကုမ္ပဏီများ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထား ပါသည်။
@ခေတ်လူငယ်၏
===========================================================

ကျန်းမာရေး ဆိုင်ရာအတွက် အသေးစား တယ်လီဖုန်း ဝန်ဆောင်မှုစင်တာ မကြာမီ ဖွင့်မည်
April 28, Wednesday,2010 6:30 PM

အများပြည်သူနှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို တယ်လီဖုန်းနှင့်ပင် ဝန်ဆောင်မှုပေးနိုင်မည့် အသေးစား တယ်လီဖုန်း ဝန် ဆောင် မှု စင်တာ( Mini Call Centre ) တစ်ခုကို ကြိုတင် ငွေချေစနစ် ( Prepaid Card) အသုံးပြုကာ မကြာမီ စတင်တော့မည် ဖြစ်ကြောင်း အ ဆိုပါ ဝန်ဆောင်မှုကို ဆောင်ရွက်မည့် Blue Ocean ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးထွန်းထွန်းနိုင်က ပြောသည်။ တယ်လီ ဖုန်း ဆက်သွယ်မှု ရရှိမည့် မည်သည့် နေရာမှမဆို အသုံးပြုနိုင်မည့် ယင်းဝန်ဆောင်မှုကို ပြည်တွင်း ကုမ္ပဏီတစ်ခု ဖြစ်သော Blue Ocean မှ ပြည် ပနိုင်ငံများတွင် အဆိုပါ ဝန်ဆောင်မှုကို ဆောင်ရွက် လုပ်ကိုင်နေသော အတွေ့အကြုံရှိ i Topia ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ထားခြင်း ဖြစ် ကြောင်း သိရသည်။ Blue Ocean နှင့် i topia တို့ပူးပေါင်းဆောင်ရွက်မည့် အဆိုပါ Mini Call Centre အား Medical Helpline ဟူသော အမည်ဖြင့် စတင်မည်ဖြစ်ပြီး ယင်း၏ ရည်ရွယ်ချက်မှာ လူအားလုံးနှင့် သက်ဆိုင်သော ကျန်းမာရေး ကိစ္စရပ်များကို မိမိတို့နေအိမ် သို့မဟုတ် တယ်လီဖုန်း ဆက်သွယ်မှုရရှိသည့် နေရာမှ ပင် (ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်များဆီသို့ ကိုယ်တိုင် သွားရောက်စရာ မလိုဘဲ) ကျန်းမာရေးဆိုင် ရာ သိလိုသော ကိစ္စရပ်များကို Mini Call Centre တွင် ဆွေးနွေး တိုင်ပင်ခြင်းများ အလွယ်တကူ ပြုလုပ်နိုင်ရန်အတွက် ဟုသိရသည်။ Blue Ocean အနေဖြင့် ဖုန်းဆက်သူမှ မေးမြန်းလာသော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အတွက်ပြည်တွင်းရှိ ပုဂ္ဂလိကနှင့် အစိုးရဆေးရုံ၊ ဆေးခန်း များ၊ ဆရာဝန်များနှင့် ချိတ်ဆက်ထားမည်ဟု သိရသည်။ မကြာမီ စတင်ဝန်ဆောင်မှု ပေးနိုင်တော့မည်ဟုဆိုသော အဆိုပါ Mini Call Centre တွင် နောက်ပိုင်း၌ ဗေဒင် နက္ခတ်များနှင့်ဆိုင်သော အကြောင်းအရာများ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သော အချက်အလက်များ၊ လူထု ဆက်သွယ် ရေးနှင့် သွားလာရေးဆိုင်ရာ အကြောင်းအရာများနှင့် ပြည်တွင်း ဥပဒေရေးရာ ကိစ္စရပ်များကို တိုးချဲ့၍ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၉ ရက်နေ့ထုတ်7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
@ခေတ်လူငယ်
===========================================================

ဗုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိ၍ သွေးလိုအပ်သော လူနာများအတွက် သွေး ၆၂ ပုလင်းကို သွေးလှူဘဏ်မှ ထောက်ပံ့
April 28, Wednesday,2010 6:30 PM

၂၀၁၀ သင်္ကြန်အ ကြတ်နေ့တွင် ကန်တော်ကြီး ကန်ပတ်လမ်း၌ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ သွေးလိုအပ်သော လူနာများအတွက် အမျိုးသား သွေးလှူဘဏ်အနေဖြင့် သွေးပုလင်း ၆၂ ပုလင်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း အမျိုးသား သွေးလှူဘဏ်မှ စုံစမ်းသိရှိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိခဲ့သည့် လူနာများအတွက် အမျိုးသား သွေးလှူဘဏ်သို့ ပုံမှန်သွေးလှူဒါန်းလျက်ရှိသည့် အခြားအဖွဲ့ အစည်း ၃၅ ဖွဲ့မှလည်း သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်
===========================================================

ရန်ကုန်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် နှစ်ဆိုင် စတင်ဖွင့်
April 28, Wednesday,2010 6:30 PM

နိုင်ငံပိုင်စက်သုံးဆီဆိုင်များအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသောဆိုင်များထဲမှ ရန်ကုန်တိုင်း၌ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂ ဆိုင်ကို ပထမဆုံး အကြိမ် ဧပြီလ ၁၀ ရက်မှ စတင်၍ နီလာရိုးမ အမည်ဖြင့် ထောက်ကြံ့မြို့နယ်၊ ရွှေညောင်ပင်နှင့် ပျဉ်းမပင်တို့၌ ဖွင့်လှစ် ရောင်းချ ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်များမှာ ကမ္ဘောဇဘဏ် စီးပွားရေးအုပ်စုက ၂၀၁၀ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး နိုင်ငံ တော်မှ လွှဲပြောင်း ရယူခဲ့သည့် ဆိုင်များဖြစ်ကြောင်း သိရှိရသည်။ “ဆိုင်ကဖွင့်ကာစဆိုတော့ လူသိတော့ နည်းနေသေးတယ်။ အခုချိန်ထိတော့ ကားအစီးရေ တစ်နေ့ကို ၁၀၀ ကျော်လောက်ပဲ လာသေးတယ်။ ဒီဆိုင်းက ပိတ်ခဲ့ရတာ ၂ လကျော် ကြာသွားတဲ့အတွက် ကားသမားတွေနဲ့ အဆက်အသွယ် ပြတ်သွားတာလည်း ပါတယ်။ ဆိုင်ရှိတာကိုသိရင် နောက်ဆို ဒီထက်ပိုပြီး လာမှာပါ”ဟု အဆိုပါဆိုင်မှ တာဝန်ခံက ရှင်းပြသည်။ အဆိုပါ ဆိုင်များတွင် စက်သုံးဆီကို ရောင်းချရာ၌ ဒီဇယ်တစ်မျိုးတည်းကိုသာ ရောင်းချပြီးနောက်ပိုင်း၌ ဓာတ်ဆီကိုပါ ပူးတွဲ၍ ရောင်းချရန် စီစဉ်ထားသည်ကိုလည်း သိရသည်။ လက်ရှိ ဒီဇယ်ဈေးနှုန်းမှာ တစ်ဂါလန်လျှင် ယခုရက်ပိုင်း၌ ၃,၂၀၀ ကျပ်ဖြင့် ရောင်းချပေးလျက် ရှိသည်။ အစိုးရ စက်သုံးဆီဆိုင်မှ ထုတ်ဈေးမှာ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃,၀၀၀ ဖြစ်သည်။ အဆိုပါ ဆိုင်နှစ်ဆိုင်တွင် ဒီဇယ်ကို အစိုးရ စက်သုံးဆီ ဆိုင်များကဲ့သို့ အက်ဖ်အီးစီဖြင့် ၀ယ်ယူနိုင်ပြီး ဈေးနှုန်းမှာလည်း MPPE ဆိုင်များ၏ ပေါက်ဈေးဖြင့်သာ ရောင်းချပေးကြောင်း ယခုရက်ပိုင်းအတွင်း ဒီဇယ်သည် အက်ဖ်အီးစီဖြင့် ၀ယ်ယူပါက MPPE ဆိုင်များတွင် ၃,၃ အက်ဖ်အီးစီ ဖြစ်ကြောင်း စုံစမ်း သိရသည်။ ထိုဆီဆိုင် ၂ ဆိုင်ကို စဖွင့်ချိန်က နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ရောင်းချပေးခဲ့ သော်လည်း နောက်ပိုင်းတွင် ၂၄ နာရီ ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး ရန်ကုန်မြို့တွင်း အပါ အ၀င် တခြားမြို့နယ်များ၌လည်း ယင်းကဲ့သို့ ဆီဆိုင်များ ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ အစိုးရ စက်သုံးဆီဆိုင် အားလုံးကို မတ်လ ကုန်ပိုင်းတွင် ပုဂ္ဂလိကကုမ္ပဏီ ၁၆ ခုသို့ လွှဲပြောင်း ရောင်းချပြီး ဖြစ်ရာ ကျန် ပုဂ္ဂလိက ဆီဆိုင်များမှာလည်း မကြာမီ ထပ်မံ ပေါ်ထွက် လာတော့မည် ဖြစ်ကြောင်း ကိုယ်တိုင် ပုဂ္ဂလိက စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် စီစဉ်နေသော လုပ်ငန်းရှင်တချို့ ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။"
@ခေတ်လူငယ်
===========================================================

No comments: